ဆိုးလ်၊ မတ်-၂၈-၂၀၂၄ မျိုးဆက်(VOM) တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်မှာ ဘတ်စ်ကား ယာဉ်မောင်းတွေဟာ လုပ်ခလစာ အငြင်းပွားမှုနဲ့ပတ်သက်ပြီး ဒီနေ့ မတ် ၂၈ ဂိတ်မထွက်ဘဲ သပိတ်မှောက်နေကြပါတယ်။ သူတို့တွေရဲ့ ဆန္ဒပြမှုတွေကြောင့် ဆိုးလ်မြို့ရဲ့ ဘတ်စ်ကားပို့ဆောင်ရေး ၉၇ ရာခိုင်နှုန်းထိခိုက်ခဲ့ပြီး အများပြည်သူသွားလာမှုတွေ အနှောက်အယှက်ဖြစ်ခဲ့ရပါတယ်။ ယာဉ်မောင်းတွေဟာ တနာရီကို လုပ်ခလစာ ၁၂ ဒသမ ၇ ရာခိုင်နှုန်း တိုးမြှင့်ပေးဖို့ တောင်းဆိုနေပြီး လစာညှိနှိုင်းမှု မအောင်မြင်ပြီးနောက် ဆန္ဒပြ သပိတ်မှောက်မှု စတင်ခဲ့တာဖြစ်ပါတယ်။ ဆွေးနွေးမှုတွေကို မနက်ဖြန်မှာ ဆက်လုပ်သွားမှာဖြစ်ပြီး ရလဒ်မထွက်သေးတဲ့အချိန်မှာ ဆန္ဒပြမှုတွေ ဆက်လုပ်မလားဆိုတာ အတိအကျမသိသေးကြောင်း ယာဉ်မောင်းသမဂ္ဂက ပြောပါတယ်။ အခုလိုအခြေအနေမှာ ဆိုးလ်မြို့အစိုးရဟာ မြေအောက်ရထားပြေးဆွဲမှုတွေကို သတ်မှတ်ချိန်ထက် တိုးမြှင့်ပြေးဆွဲပေးမှာဖြစ်ပြီး ခရိုင် ၂၅ ခရိုင်မှာလည်း မြေအောက်ရထားဘူတာရုံတွေကို သွားလာနိုင်ဖို့ ဘတ်စ်ကားအစီးရေ ၄၈၀ ကို စီစဉ်ထားမယ်လို့ ဆိုပါတယ်။…
Read Moreမန္တလေး ကုန်စည်ဒိုင် ၂၈-၃-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ
မန္တလေး- မတ်- ၂၈- ၃-၂၀၂၄ (VoiceOfMyanmar) ဂျုံစျေးနှုန်းများ ဂျုံ (တောင်ဘက်/ငါန်းဇွန်/ မြို့သာ)-60ပိဿာ(သစ်) 160000/ 165000 ဂျုံ(မုံရွာ/ ဘုတလင်)-60ပိဿာ-(သစ်) 160000/ 165000 ဂျုံ – ( စစ်ကိုင်း/ဆားတောင်/ရွှေဘို) -60 ပိဿာ-(သစ်) -160000/165000 ဂျုံ – (မြင်းမူ/ မြောင်)-60 ပိဿာ-(သစ်) – 160000/ 165000 ဂျုံ – (ကလေး) 60 ပိဿာ-(သစ်) – 160000/ 165000 ဂျုံ – (ရှမ်း)-60 ပိဿာ-(သစ်)- 150000/ 152000 ဂျုံ – (အထွက်တိုး)-60 ပိဿာ-(သစ်) – 145000 ဂျုံ – ပန်ဆိုင်း(ကြူကုတ်) – (60 ပိဿာ)- 155000/ 160000/ ဂျုံ –…
Read Moreကျိုက်မရော ဓမ္မသရွာမှာ မီးငြိမ်းသွားပေမယ့် တိုက်ပွဲကြောင့် ဒေသခံတွေပိတ်မိ၊ မီးလောင်မှုမှာ အိမ်ခြေ ၃၀၀ ကျော်ပျက်စီးခဲ့
ရန်ကုန် – မတ် – ၂၈ – ၂၀၂၄ GG (VOM) မွန်ပြည်နယ် ၊ကျိုက်မရောမြို့နယ်ထဲက ဓမ္မသရွာမှာ မီးငြိမ်းသွားပေမယ့် ရွာထဲမှာ PDF နဲ့ စစ်တပ်အကြား တိုက်ပွဲတွေဖြစ်ပြီး ပစ်ခတ်မှုဖြစ်နေလို့ ဒေသခံရွာသားတွေ ပိတ်မိနေတယ်လို့ ဓမ္မသ ရွာဒေသခံတွေဆီကသိရပါတယ်။ တိုက်ပွဲတွေကြောင့် ကြောင့် မီးဘေးသင့်ပြည်သူတွေရော၊ ရွာထဲမီးမလောင်ဘဲ ကျန်နေတဲ့နေအိမ် တွေကို စောင့်ရှောက်ဖို့ကျန်ခဲ့တဲ့ ဒေသခံတွေပါ ရွာအပြင်ကိုထွက်မရဘဲ ရွာထဲမှာပိတ်မိနေကြတာဖြစ်ပြီး အစားအသောက်၊ သောက်ရေတွေ လိုအပ်နေတယ်လို့ဆိုပါတယ်။ ” မီးက ညတုန်းကလောင်နေချိန် ဘာမှမတတ်နိုင်လို့ထားခဲ့လိုက်ရတယ်၊မနက်ကျတော့ငြိမ်းသွားပြီ။ ရွာရဲ့ သုံးပုံ တပုံလောက်တော့ပါသွားတယ်။မီးငြိမ်းမှ သေချာသိရတာကိုး၊ ရွာထဲပိတ်မိနေသူတွေရှိနေပါတယ်။ စားစရာတွေလိုနေတယ်။အခုအပြင်ကိုထွက်မရပါဘူး။မီးဘေးသင့်သူတွေရော ၊ရွာခံတွေရောအကုန် ဒုက္ခရောက်နေပါတယ်။” လို့ ဓမ္မသရွာဒေသခံကပြောပါတယ်။ လက်ရှိအချိန်ထိလည်း တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်လို့ နေအိမ်တွေပေါ်လက်နက်ကြီးကျည်ကျပြီး ထပ်မံမီးလောင်မှုဖြစ်ပွားမှာကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။ ကော့ကရိတ်၊ ကော့ဘိန်းမြို့မှာ ဖြစ်နေတဲ့ စစ်တပ်နဲ့ PDF…
Read Moreထိုင်းနိုင်ငံမှာ လိင်တူလက်ထပ်တာကို တရားဝင် အသိအမှတ်ပြုတော့မယ်
ဘန်ကောက်၊ မတ်-၂၈-၂၀၂၄ မျိုးဆက်(VOM) ထိုင်းနိုင်ငံမှာ လိင်တူလက်ထပ်ခြင်းကို တရားဝင်အသိအမှတ်ပြုမယ့် ဥပဒေကြမ်းကိုအောက်လွှတ်တော်မှာ မတ် ၂၇ ရက်ကအတည်ပြုလိုက်ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံမှာ လိင်တူချင်းလက်ထပ်ခြင်းဆိုင်ရာ သာတူညီမျှရေးအတွက် သမိုင်းဝင် ခြေလှမ်းတရပ်ဖြစ်ပြီး ဥပဒေဖြစ်လာဖို့ အထက်လွှတ်တော်နဲ့ ထိုင်းဘုရင်ရဲ့ ထောက်ခံချက်တို့ လိုအပ်နေသေးသတယ်။ လွှတ်တော်အမတ် ၄၁၅ ဦးအနက် ၄၀၀ ကထောက်ခံခဲ့တဲ့ ဥပဒေကြမ်းမှာ အမျိုးသားနဲ့ အမျိုးသမီးတို့ လက်ထပ်ခြင်းအစား လူနှစ်ေပေါင်ဖက်မှုအဖြစ် အစားထိုးဖော်ပြထားပြီး လိင်တူချစ်သူများအမွေဆက်ခံခွင့်နဲ့ ကလေးမွေးစားခွင့်တွေလည်းပါဝင်ပါတယ်။ ဥပဒေကို ၂၀၂၄ နှစ်ကုန်ပိုင်းမှာ အတည်ပြုနိုင်ဖို့ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်နေကြပြီး ထိုင်းနိုင်ငံဟာ လိင်တူလက်ထပ်ခြင်းကို တရားဝင်အသိအမှတ်ပြုတဲ့ ပထမဆုံးသော အရှေ့တောင်အာရှနိုင်ငံဖြစ်လာတော့မှာဖြစ်ပါတယ်။ အောက်လွှတ်တော်မှာ ဥပဒေကြမ်းကိုအတည်ပြုလိုက်ခြင်းဟာ ပြသနာတိုင်းအတွက် အလုံးစုံ ကုစားဖြေရှင်းရေး မဟုတ်ပေမယ့် တန်းတူညီမျှမှုရဲ့ အစဖြစ်ကြောင်းအောက်လွှတ်တော် လက်ထပ်ခြင်းဆိုင်ရာကော်မတီဥက္ကဌ ဒန်နုဖန်ပန်နက်ကန်တာက ဥပဒေကြမ်းတင်သွင်းစဉ် လွှတ်တော်မှာ ပြောပါတယ်။ Ref:BBC Photo:Getty…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၂၈ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၈၀၀ ကျပ် ဝယ်ဈေး – ၃၇၃၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၇၉၀ ကျပ် ဝယ်ဈေး – ၂၇၄၀ ကျပ် -ယူရို ရောင်းဈေး – ၄၂၁၀ ကျပ် ဝယ်ဈေး – ၄၁၂၃ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၅.၈၂ ကျပ် ဝယ်ဈေး – ၁၀၃.၆၃ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၈၀၉ ကျပ် ဝယ်ဈေး – ၇၉၉ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၂၂ ကျပ် ဝယ်ဈေး – ၅၁၂ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…
Read More၄၄ သိန်းနီးပါးအထိ ဆက်လက်မြင့်တက်လာတဲ့ ပြည်တွင်းရွှေဈေး
ယနေ့ ရွှေဈေး (မတ် – ၂၈ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၉၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၃၈၅၀၀၀ ကျပ် ဝယ်ဈေး ၄၃၄၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၁၈၅၀၀၀ ကျပ် ဝယ်ဈေး ၄၁၄၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreအစ္စရေးနဲ့ ဟဇ်ဘိုလာအဖွဲ့တို့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ အပြန်အလှန်ဖြစ်ပွား
တဲလ်အဗစ်၊ မတ်-၂၈-၂၀၂၄ မျိုးဆက်(VOM) လက်ဘနွန် ကျေးရွာတရွာကို အစ္စရေးရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေဖြင့် ဟဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူတယောက်သေဆုံးခဲ့ပါယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း လက်ဘနွန်ရှိ ဟာဘာရီယာမှာ လူခုနှစ်ယောက်ထက်မနည်းသေဆုံးခဲ့ပြီး ဒါဟာ မကြာသေးမီက တိုက်ခို်ကမှုတွေကြောင့် အသေအပျောက်အများဆုံး ဖြစ်တယ်လို့ လက်ဘနွန်သတင်းရင်းမြစ်တွေကက ပြောပါတယ်။ သေဆုံးသူတွေဟာ ကယ်ဆယယ်ရေးသမားတွေဖြစ်တယ်လို့ ဟဇ်ဘိုလာတို့က ဆိုပါတယ်။ အစ္စရေးကတော့ တိုက်ခို်ကမှုအတွင်း စစ်သွေးကြွတွေသေဆုံးခဲ့တယ်လို့ ပြောပါတယ်။ ဟဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးရှိ ကီရီရက်ရှမွန်နာမြို့ကို ဒုံးကျည်ဒါဇင်များစွာနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးက ဆိုပါတယ်။ အစ္စရေးနဲ့ ဟဇ်ဘိုလာတို့ဟာ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်မှာ ဂါဇာစစ်ပွဲစတင်ပြီးကတည်းက နေ့စဉ်နီးပါး နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေခဲ့ပါတယ်။ ဟဇ်ဘိုလာအဖွဲ့ဟာ လက်ဘနွန်ရှိ ရှီးယိုက်မွတ်ဆလင်အဖွဲ့အဖြစ်ပြီး အီရန်နှင့် ဂါဇာကို ထိန်းချုပ်ထားသော ဟားမတ်စ်တို့နဲ့…
Read MoreThis Day in History
Voice of Myanmar အာရပ်ခေါင်းဆောင်များသည် ၂၀၀၇ ခုနှစ် မတ်လ ၂၈ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ်၌ ထိပ်သီးဆွေးနွေးပွဲကျင်းပခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် အဆိုပြုခဲ့သော အာရပ်ငြိမ်းချမ်းရေး ပဏာမအစီအစဉ်ကို အစ္စရေးက လက်ခံရန် တိုက်တွန်းခဲ့ကြသည်။
Read Moreသိန္နီမြို့နယ်မှာ MNDAA နဲ့ SSPP/SSA တိုက်ပွဲ ဖြစ်
မတ် ၂၈၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ နမ့်စလပ် အနီးက ကွန်ကောက်ရွာဘက်မှာ မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နဲ့ ရှမ်းပြည်တပ်မတော် – မြောက်ပိုင်း (SSPP/SSA) တို့အကြား မတ်လ ၂၆ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် ခန့်ကစ တိုက်ပွဲ ဖြစ်ပွား နေကြောင်း ခရီးသွား ပြည်သူတွေဆီက သိရပါတယ်။ “မနေ့ညနေပိုင်းက နမ့်စလပ်နဲ့ သိန္နီကြားမှာ တိုက်ပွဲ ဖြစ်တာ။ တိုက်ပွဲ ဖြစ်လို့ လမ်းတွေ ပိတ်သွားသေးတယ်။ ကျနော့် ရှေ့မှာတင်ပဲ လဲတဲ့သူက လဲ၊ ပြေးတဲ့သူက ပြေး။ MNDAA စစ်သား တယောက်က ခြေထောက် ထော့နဲ့ ထော့နဲ့နဲ့ ဆိုင်ကယ် ကားလမ်းလယ်မှာ ပစ်ထားပြီး ပြေးသွားတယ်။ ဝဝတုတ်တုတ်နဲ့ တယောက်ကတော့…
Read Moreချင်းပြည်နယ်တောင်ပိုင်းမှာ လေဘေးဒဏ်ကြောင့် လူနေအိမ် တထောင်ကျော်ပျက်စီးပြီး အရေးပေါ်အကူညီတွေလိုအပ်နေ
မတ် ၊ ၂၈ ၊ ၂၀၂၄ SP (VOM) ပြီးခဲ့တဲ့ မတ် ၂၂ ရက် ညနေ ၆ နာရီကျော်က တိုက်ခတ်သွားတဲ့ လေပြင်းဒဏ်ကြောင့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နဲ့ ကန်ပလက်မြို့နယ်တွေမှာ လူနေအဆောက်ဦး တထောင်ကျော်ပျက်စီးခဲ့ရပါတယ်။ အဲ့ဒီ ပျက်စီးမှုတွေကြောင့် ဒေသခံပြည်သူ သုံးထောင်ကျော်ဟာ အရေးပေါ် ကူညီကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းတွေ လိုအပ်နေတယ်လို့ နယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ပရဟိတသမားတယောက်က ” မတ် ၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ ၂ ရက်ဆက်တိုက် ၊ တိုက်ခတ်ခဲ့တဲ့ လေပြင်းဒဏ်ကြောင့် မင်းတပ်မြို့နဲ့ မင်းတပ်နယ်မှာဆိုရင် လူနေအဆောက်ဦး ၅၀၃ လုံးပျက်စီးတယ် ၊ နောက်ပြီး ယာယီတိုက်ပွဲရှောင်နေရတဲ့ ကျေးရွာပေါင်း ၇၀ ကျော်က စုပေါင်း တိုက်ပွဲရှောင် စခန်းတွေလည်း ထိခိုက်ပျက်စီးတယ် ၊…
Read More