ပြည်ခိုင်ဖြိုးပါတီက ဒုတိယဗိုလ်ချုပ်ကြီး​တေဇ​ကျော်နဲ့ ကိုယ်စားလှယ်​လောင်း​တွေ ​အောင်​မြေသာစံ အ​နောက်ပိုင်းမှာ မဲရဖို့စည်းရုံး

မန္တ​လေး ၊ ဒီဇင်ဘာ ၅-၂၀၂၅ Voice Of Myanmar အစိုးရတပ်မ​တော်မှာ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးအဖြစ်က​နေ အငြိမ်းစားယူပြီး မန္တလေး အောင်မြေသာစံမြို့နယ်က​နေ ပြည်သူ့လွှတ်​တော်​ကိုယ်စားလှယ်​လောင်းအဖြစ် ဝင်​ရောက်ယှဥ်ပြိုင်မယ့် ဦး​တေဇ​ကျော်နဲ့ ကိုယ်စားလှယ်​လောင်း​တွေဟာ မန္တ​လေးမှာ ပြည်ခိုင်ဖြိုးပါတီ​အောင်နိုင်​ရေးအတွက် မဲဆွယ်ပွဲ​​တွေ အင်နဲ့အားနဲ့ ​နေရာစိပ်စိပ်လုပ်လာတာ​တွေ့ရပါတယ်။ ဒီ​နေ့ ဒီဝင်ဘာ ၅ရက် မနက်ပိုင်းက မန္တလေး အောင်မြေသာစံမြို့နယ် သီရိမာလာအ​နောက်ရပ်မှာ လူထုတွေ့ဆုံပွဲ အခမ်းအနားလုပ်ပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ကိုယ်စားလှယ်​လောင်း​တွေကို လူထုနဲ့ မိတ်ဆက်​ပေးခဲ့သလို မဲ​ပေးရမယ့်အဆင့်ဆင့်​တွေရှင်းလင်းပြပြီး ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦး​တေဇ​ကျော်နဲ့ အမျိုးသားလွှတ်​တော် ကိုယ်စားလှယ်​လောင်း ဦးဟိန်းမင်းဦးနဲ့ တိုင်း​ဒေသကြီး PR ကိုယ်စားလှယ်​လောင်း ဦး​ကျော်ဆန်းတို့က သူတို့ နိုင်ရင်လုပ်​ပေးမယ့် ကတိကဝတ်​တွေကို ရှင်းပြခဲ့တာ​တွေ့ရပါတယ်။ ​အောင်​မြေသာစံမြို့နယ်မှာ အမျိုးသားလွှတ်​တော်အတွက် ဦးဟိန်းမင်းဦး၊ ပြည်သူ့လွှတ်​တော်အတွက် ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦး​တေဇ​ကျော်နဲ့ တိုင်း​ဒေသကြီးအတွက် လက်ရှိမန္တ​လေးတိုင်းဝန်ကြီးချုပ် ဦးမျိုး​အောင်၊ ရှမ်းတိုင်းရင်းသား​ရေးရာအတွက်…

Read More

ဗန်းမော်မှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်

ဒီဇင်ဘာ ၅၊ ၂၀၂၅ Shy V (VOM) ကချင်ပြည်နယ်၊ ဗန်းမော်မှာ ဒီဇင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့ နှစ်ရက် ဆက်တိုက် တိုက်ပွဲ ပြန်လည် ပြင်းထန်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဒီဇင်ဘာလ ၃ ရက်နေ့က ဗန်းမော် တိုက်ပွဲ တော်တော် ပြင်းထန်တယ်။ ဒီဇင်ဘာလ ၁ ရက်နေ့ ကတည်းက ဗန်းမော်ဘက် လက်နက်ကြီးသံ တုန်ခါတဲ့ အထိ ကြားကြားလာနေရတယ်။ ဘယ်လို လက်နက်ကြီးတွေနဲ့ ပစ်ကြသလဲ မသိဘူး။ စစ်တပ်ဘက်က မီး ကျည်တွေနဲ့ ပစ်ထည့်နေတာတွေ့ရတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်နေ့မှာတော့ ဗန်းမော် တိုက်ပွဲ တနှစ်ပြည့်သွားပြီဖြစ်ပြီး ထိခိုက် ပျက်စီးမှုတွေလည်း အတော် များနေပြီ…

Read More

လက်ဘနွန်နဲ့ တိုက်ရိုက်ဆွေးနွေးမှုအပြီး ဟဇ်ဘိုလာပစ်မှတ်တွေကို အစ္စရေး လေကြောင်းတိုက်ခိုက်

တဲလ်အဗစ်၊ ဒီဇင်ဘာ-၅-၂၀၂၅ ရတီ(VOM) အစ္စရေးနဲ့ လက်ဘနွန်တို့အကြာ ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးပွဲတွေ ကျင်းပပြီး တရက်မပြည့်မီပင် အစ္စရေးစစ်တပ်ဟာ လက်ဘနွန်တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အီရန်ကျောထောက်နောက်ခံပြု ဟဇ်ဘိုလာအဖွဲ့ရဲ့ လက်နက်ဂိုဒေါင်တွေလို့ အစ္စရေးစစ်တပ်က စွပ်စွဲထားတဲ့ နေရာများအနီးကနေ ထွက်ခွာကြဖို့ အမ်ဂျာဒယ်လ်၊ ဘာရာချစ်၊ ဂျေဘာနဲ့ မာရိုအူနာ မြို့ခံတွေကို အစ္စရေးက သတိပေးထားပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုအခြေအနေကို မသိရသေးပါဘူး ။ အဲဒီလိုနေရာတွေ ဆက်လက်ရှိနေတာဟာ အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုတခုဖြစ်ပြီး အစ္စရေးအပေါ် ခြိမ်းခြောက်မှုတိုင်းကို ဖယ်ရှားသွားပစ်မယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ၁၃ လကြာ ပဋိပက္ခဖြစ်ပွားပြီးနောက် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ အပစ်အခတ်ရပ်စဲရေး အသက်ဝင်ချိန်မှစပြီး အစ္စရေးဟာ လက်ဘနွန်မှာ နေ့စဉ်နီးပါး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ။ ဒီဇင်ဘာ ၄ ရက် တိုက်ခိုက်မှုတွေအပေါ် လက်ဘနွန်ခေါင်းဆောင်တွေကတော့…

Read More

ပြည်သူ့အကျိုး ပိုမိုခိုင်မာအောင် လုပ်ပေးမယ်လို့ ကတိပေးတဲ့ ဦးဟိန်းမင်းဦး

မန္တလေး ၊ ဒီဇင်ဘာ- ၅-၂၀၂၅ VOICE OF MYANMAR မန္တလေးတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃ )ကနေ ပြည်ခိုင်ဖြိုးပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်မယ့် ဦးဟိန်းမင်းဦးနဲ့ VOM အယ်ဒီတာချုပ် ဦးနေလင်းတို့ သီးသန့်မေးမြန်းခန်းမှာ ပြည်သူ့အကျိုး ပိုမိုခိုင်မာအောင် လုပ်ပေးမယ်လို့ ကတိပေးခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့အကျိုးကို ပိုမိုခိုင်မာအောင် ထမ်းဆောင်ပါမယ်၊ ဘဝမှာ သသင်ကြားခဲ့တဲ့ ပညာ၊ အတွေ့အကြုံ၊ အရည်အချင်းတွေကို ပြည်သူတွေအတွက် စေတနာထားပြီး အစွမ်းကုန် စွမ်းဆောင်မယ်ဆိုတဲ့အကြောင်းနဲ့ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးရအောင် မဲစာရင်းတွေ စစ်ဆေးဖို့ လုပ်ဆောင်ပေးနေတဲ့ အကြောင်းတွေကို ဦးဟိန်းမင်းဦးက ပြောပါတယ်။

Read More

ရွှေဘိုမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု သုံးယောက်သေ ၊ ရှစ်ယောက်ဒဏ်ရာရ

ဒီဇင်ဘာ ၅ ၊ ၂၀၂၅ GG ( VOM) စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက သစ်ချိုပင်ကျေးရွာမှာ ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့ မနက်အစောပိုင်းက လေကြောင်းတိုက်ခိုက်ခံရပြီး သုံးယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ရှစ်ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က မနက်အစော ၁ နာရီ ၁၉ မိနစ်လောက်မှာ လေကြောင်းတိုက်ခိုက်ခံရတာ ဖြစ်ကြောင်း ၊ တိုက်ခိုက်မှုကြောင့် လူသေဆုံးမှု နဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုအပြင် နေအိမ် ၁၀ လုံး ၊ ကားနဲ့ ဆိုင်ကယ် တချို့လည်း ထိခိုက်ပျက်စီး မှုရှိခဲ့တယ်လို့ သိရပါတယ်။ ” လေကြောင်းတိုက်ခိုက်မှုက ဗုံးနှစ်လုံ ကြဲခံရတယ် ။ သေဆုံးသုံးယောက်နဲ့ ထိခိုက်ဒဏ်ရာရ ရှစ်ယောက်ရှိတယ် ။ အိမ်က ဆယ်လုံးလောက် ပျက်စီးတယ်။ သစ်ချိုပင်က PDF နယ်မြေတော့ ပြောလို့ရပေမယ့်…

Read More

လသာမြို့နယ် ရွှေဇင်ရွှေဆိုင် ဓါးပြတိုက်မှု ရွှေထည်ပစ္စည်းတွေနဲ့ ငွေသားသိန်းတထောင် ယူဆောင်သွား

ဒီဇင်ဘာ ၅ ၊ ၂၀၂၅ GG (VOM) ရန်ကုန်တိုင်း ၊ လသာမြို့နယ် ၊ အမှတ်(၃)ရပ်ကွက်၊မဟာဗန္ဓုလ လမ်းမှာရှိတဲ့ ” ရွှေဇင်ရွှေဆိုင် “မှာ ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့ မနက်ပိုင်းက ဓားပြတိုက်လုယက်မှု ဖြစ်ပွားပြီး ရွှေထည်ပစ္စည်းတွေ နဲ့ ငွေသား ကျပ်သိန်း တထောင်လောက် ပါသွားတယ်လို့ ကနဦးသိရပါတယ်။ ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်မှာ ရွှေဆိုင်ဖွင့်ဖို့အတွက် ကားပေါ်ကနေ ရွှေထည်ပစ္စည်းထုတ်တွေ ချစဥ် အမည်မသိ သေနတ်ကိုင်ထားတဲ့ အမျိုးသား နှစ်ယောက် ရောက်ရှိလာပြီး သေနတ်ပြ ခြိမ်းခြောက်ကာ ပစ္စည်းနဲ့ ငွေသားကို လုယက်သွားတာ ဖြစ်တယ်လို့ သိရပါတယ် ။ ရွှေဆိုင် လုယက်ခံရမှု ဖြစ်စဥ်နဲ့ပတ်သက်ပြီး လသာရဲစခန်းကို ဆက်သွယ်မေးမြန်းရာ ဖြစ်စဥ်မှန်ကန်ကြောင်း အတည်ပြု ပြောဆိုပါတယ်။ ” ဖြစ်စဥ်ကဟုတ်ပါတယ်။…

Read More

ရုရှားသမ္မ ပူတင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ဒေလီမှာ ထိပ်သီးဆွေး

ဒေလီ၊ ဒီဇင်ဘာ-၅-၂၀၂၅ မျိုးဆက်(VOM) ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့ဟာ နယူး‌ဒေလီမှာ ဒီကနေ့ ထိပ်သီးဆွေးနွေးပွဲများ စတင်ခဲ့ပြီး အိန္ဒိယ ပူတင်ကို အနီရောင်ကော်ဇောခင်းကာ ကြိုဆိုခဲ့ကာ ယူကရိန်းငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို အိန္ဒိယက ထောက်ခံတယ်လို့ မိုဒီက ပြောပါတယ်။ ဒါဟာ ပူတင်အတွက် လေးနှစ်အတွင်း ပထမဆုံးအကြိမ် အိန္ဒိယခရီးစဉ်ဖြစ်ပြီး အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေကြောင့် ဆယ်စုနှစ်များစွာ သံတမန်ရေးတင်းမာနေခဲ့ပြီး ရုရှားရဲ့ လက်နက်နဲ့ ရေနံအများဆုံးဝယ်ယူတဲ့ အိန္ဒိယနဲ့ ကုန်သွယ်ရေးတိုးမြှင့်လိုနေပါတယ်။ ရုရှားရေနံဝယ်ယူမှုနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ သမ္မတဒေါ်နယ်ထရန့်က အိန္ဒိယကုန်ပစ္စည်းတွေအပေါ် ချမှတ်ထားအခွန်တွေ လျှော့ချရေး ကုန်သွယ်ရေးသဘောတူညီချက်အတွက် အိန္ဒိယဟာ အမေရိကန်ကားနဲ့ ဆွေးနွေးနေချိန်မှာ ပူတင်ရဲ့ ခရီးစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။ ရုရှားဟာ ဆယ်စုနှစ်များစွာကြာ အိန္ဒိယအတွက် ထိပ်တန်းလက်နက်ထောက်ပံ့သူဖြစ်ပြီး ၂၀၃၀ ခုနှစ်မှာ ကုန်သွယ်မှုကို ဒေါ်လာ ၁၀၀ ဘီလီယံအထိ တိုးမြှင့်ဖို့ ကြိုးပမ်းမှုမှာ် အိန္ဒိယကုန်ပစ္စည်းတွေကို…

Read More

မန်းရွှေစက်တော် ဘုရားပွဲကို ဇန်နဝါရီ ၂၂ ရက်စပြီး ၈၆ ရက်ကြာ ကျင်းပမယ်

ဒီဇင်ဘာ ၅ – ၂၀၂၅ SS (VOM) မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားကြီးရဲ့ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို ၈၆ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်တယ်လို့ ဘုရားပွဲတော် ကျင်းပရေး ဦးစီးကော်မတီက သိရပါတယ်။ အဲဒီ ဘုရားပွဲတော်ကို လာမယ့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ကနေ ဧပြီလ ၁၇ ရက်နေ့အထိ (တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ) ကျင်းပသွားမှာဖြစ်ပြီး လက်ရှိမှာ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘုရားပွဲတော် ကျင်းပရေး ဦးစီးကော်မတီနဲ့ နီးစပ်သူတယောက်က “တဲကျောင်း လေလံ‌ဆွဲတာ၊ တင်ဒါ၊ နောက် လုံခြုံရေးပိုင်းတွေရောပေါ့၊ အစစအရာရာ အကုန်လုံးက…

Read More

ရန်ကုန်က ဒိန်းမတ်သံရုံးကို ၂၀၂၆ ခုနှစ်အကုန်မှာ ပိတ်သိမ်းမယ်

ဒီဇင်ဘာ ၅ – ၂၀၂၅ SN (VOM) ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ ဒိန်းမတ်သံရုံးကို လာမယ့် ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပိတ်သိမ်းတော့မှာ ဖြစ်တယ်လို့ ဒိန်းမတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ အခုလို သံရုံး ပိတ်သိမ်းရတာဟာ မြန်မာနိုင်ငံအနေနဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းအခြေအနေတွေ သိသိသာသာ လျော့ကျလာခဲ့တာကြောင့် ဖြစ်တဲ့အပြင် လက်တလောမှာလည်း ပြောင်းလဲနိုင်မယ့် အရိပ်အယောင်တွေ မတွေ့ရှိရတဲ့အတွက် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ “မြန်မာသံရုံးအတွက် အသုံးပြုခဲ့တဲ့ အရင်းအမြစ်တွေကို ဒိန်းမတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားတွေမှာ အသုံးပြုသွားမှာပါ” လို့ ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီး လားစ် လော့ခ် ရတ်စမူဆန်က အဲဒီ ထုတ်ပြန်ချက်မှာ အသိပေး ပြောကြားထားပါတယ်။…

Read More

အင်းတကော်က ၁၁ နှစ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သူကို ထောင် ၂၅ နှစ်ချ

ဒီဇင်ဘာ ၄ ၊ ၂၀၂၅ GG (VOM) ပဲခူးတိုင်း ၊ အင်းတကော်မြို့နယ်မှာ အသက်မပြည့်သေးတဲ့ အသက် ၁၁ နှစ်အရွယ် လေးတန်းကျောင်းသူကို အဓမ္မပြုကျင့်ခဲ့တဲ့ တရားခံကို ပဲခူးခရိုင်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၂၅ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ် ။ တရားခံဖြစ်သူ နိုင်နိုင်(ခ)နိုင်လင်းဝေ ကို ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် ပဲခူးခရိုင် တရားရုံးက ဒီဇင်ဘာ ၃ ရက်နေ့မှာ ပုဒ်မ – ၃၇၆ (၃)အရ အလုပ် နဲ့ ထောင်ဒဏ်နှစ် ၂ဝ ၊ ရာဇသတ်ကြီးပုဒ်မ – ၃၇၇ အရ အလုပ် နဲ့ ထောင်ဒဏ် ၅ နှစ် ကျခံဖို့ အမိန့် ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ထောင်ဒဏ်…

Read More