ထားဝယ်ဒေသ ရေကြီးမြေပြိုမှုမှာ သေဆုံး ၃၆ ယောက်ရှိလာပြီး တနင်္သာရီမှာလည်း ရေထပ်တက်လို့ အိမ်တွေရေနစ်

အောက်တိုဘာ ၁ ၊ ၂၀၂၆ GG (VOM) တနင်္သာရီတိုင်း ထားဝယ်ခရိုင်မှာ ရေကြီး ၊ မြေပြိုမှုကြောင့် သေဆုံးသူ ၃၆ ယောက်အထိရှိလာသလို တနင်္သာရီမြို့နယ်မှာလည်း ရေကြီးလို့ မြိတ် – တနင်္သာရီ – ကော့သောင်း ပြည်ထောင်စုလမ်းမကြီးရေကျော်ပြီး ကားသွားလာမရဘဲ လမ်းပိတ်နေတယ်လို့ သိရပါတယ်။ သေဆုံးမှုထဲမှာ လောင်းလုံးမြို့နယ်က သေဆုံးသူ ၂၆ ယောက်နဲ့ အများဆုံးဖြစ်ပြီး သရက်ချောင်းမြို့နယ်မှာ ရှစ်ယောက် ၊ ထားဝယ်မြို့နယ်မှာ နှစ်ယောက် သေဆုံးမှုရှိတယ်လို့ သိရပါတယ်။ လောင်းလုံးမြို့နယ်မှာ ကဒက်ငယ်ထိန်ရွာက အလောင်း ၁၃ လောင်း ၊ ကဒက်ကြီးရွာက နှစ်လောင်း ၊ တောကျဲရွာကနှစ်လောင်း ၊ ဇလွတ်ရွာက တလောင်း၊ သဗျာရွာက သုံးယောက် ၊ ညောပြင်ရွာက နှစ်လောင်း ၊ မင်းရပ်က တလောင်း ၊…

Read More

တောင်ငူမှာ သားအရင်းက အမေကို ဓားနဲ့ခုတ်သတ်

အောက်တိုဘာ ၁ ၊ ၂၀၂၆ CC (VOM) ပဲခူးတိုင်း ၊ တောင်ငူမြို့၊ အမှတ် ၁၀ ရပ်ကွက် ၊အုတ်ကျွတ်တန်း ၊ ၁၀ လမ်းမှာ သားအရင်းက အမေဖြစ်သူကို ဓားမနဲ့ ခုတ်သတ်မှု ဖြစ်ခဲ့ပြီး သားဖြစ်သူကို လက်ရှိ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရ ပါတယ်။ မနေ့က စက်တင်ဘာ ၃ဝ ရက်နေ့၊ မနက်ပိုင်းမှာ ဖခင်ဖြစ်သူက အပြင်သွားနေချိန် နေအိမ်မှာကျန်ခဲ့တဲ့ အသက် ၄၉ နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ် ငြိမ်းငြိမ်းစံကို အသက် ၂၂ နှစ်အရွယ်သားက ဓားမနဲ့ခုတ်သတ်ခဲ့တာဖြစ်ပါတယ်။ ” မနေ့က မနက် ၅ နာရီလောက်မှာ ဖြစ်တာပါ။ အဖေက အပြင်သွားတယ်။ အဲဒီအချိန်သားဖြစ်သူက ဆေးကြောင်ပြီး အမေကိုခုတ်သတ်လိုက်တာလို့ သိရတယ်။ မျက်နာတွေ ၊ လက်တွေ ၊…

Read More

သူတို့အိမ် အခန်း (၂၃၇)

  ဆူးငှက်     တောဂရန်ရှိရင် ရအောင် တောင်းထား —————————————— ရပ်ကွက်လေး အခြေအနေကတော့ ကောင်းသည်ဟု ပြောရမည်။ ၂၆ဘီလမ်းမပေါ်က “တပ်ပိုင်မြေ မကျူးကျော်ရ” ဟူသော ဆိုင်းဘုတ်လည်း မရှိတော့။ ရပ်ကွက်ထဲက အလံနီတွေလည်း မရှိတော့။ သို့သော် သတင်းတွေကတော့ အမျိုးမျိုးကြားနေရသည်။ သည်ကြားထဲ မြေလာဝယ်ကြသူတွေက “စုံစမ်းကြည့်ပြီးပြီ၊ ဈေးသင့်ရင်တော့ ဝယ်ထားကြလေ၊ တဲလေးတော့ ထိုးထားပေါ့၊ အနည်းဆုံး တိုက်ခန်း တစ်ခန်းတော့ ပြန်ရမှာပဲ၊ ဖြစ်နိုင်ရင်တော့ ပိုင်ရှင့်ဆီက တောဂရန်ရှိရင်လည်း ရအောင် တောင်းထားနော်၊ ကံကောင်းရင် ပေ ၃၀×ပေ၄၀ စလစ်မြေ တစ်ကွက်လည်း ရနိုင်တယ်” ဆိုသည့် သတင်းဖြင့် ဝယ်ကြတာတဲ့။     သေချာတာက ထိုသို့သော အကြောင်းပြချက်ချည်းမို့ ကျွန်တော်တို့ ဖြစ်ချင်သည့် လုံဝ ကင်းလွတ်ရေးတော့ မဟုတ်သည့် သဘောဖြစ်သည်။…

Read More

လားရှိုးနဲ့ တန့်ယန်းမှာ အစိုးရ စက်သုံးဆီခွဲတမ်း မလုံလောက်လို့ ပြင်ပကနေ ဈေးကြီးပေးဝယ်ယူနေရ

စက်တင်ဘာ ၃၀၊ ၂၀၂၆ NN(VOM) ရှမ်းပြည်မြောက်ပိုင်း လားရှိုးနဲ့ တန့်ယန်းမြို့တွေမှာ အစိုးရက ချပေးတဲ့ စက်သုံးဆီခွဲတမ်းတွေ မလုံလောက်တာကြောင့် ပြင်ပပေါက်ဈေးအတိုင်း ဈေးကြီးပေးပြီး ဝယ်ယူနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အစိုးရကပေးတဲ့ ဆီခွဲတမ်းရတာ နည်းလို့ဆိုပြီး ဆီဆိုင်တွေက တစ်ပတ် လောက်ပဲ ရောင်းချပေးတယ်လို့ လားရှိုးမြို့ခံတွေကပြောပါတယ်။ “ တခြားမြို့တွေလို အပတ်စဉ် ပုံမှန်ရပြီဆိုပြီး ဝမ်းသာနေတာ။ ဆီဆိုင် ရောက်တော့ လိုင်စင်ဆီ မရှိတော့ဘူး။ ပြင်ပဈေးနဲ့ပဲ ရမယ်ဆိုလို့ ရတဲ့ဆီ ထည့်ခဲ့ရတယ်” လို့ လားရှိုးမြို့ခံတယောက် ပြောပါတယ်။ ဆီဆိုင်အများစုကတော့ ဆီခွဲတမ်းကုန်သွားလို့ အစိုးရချပေးတဲ့ ဈေးနဲ့ ရောင်းလို့မရတာလို့ ပြောပါတယ်။ အလားတူ တန့်ယန်းမြို့မှာလည်း အစိုးရခွဲတမ်းဆီက အရနည်းလို့ နှစ်ရက်လောက်နဲ့ ဆီတွေ ပြတ်လပ်သွားတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ “ တန့်ယန်းမှာ ဓာတ်ဆီ၊ ဒီဇယ် စုစုပေါင်းမှ…

Read More

မြန်မာဘီယာနဲ့ ဒဂုံဘီယာတို့ ရရှိထားတဲ့ အရည်အသွေးဆုတွေကို ဘယ်လ်ဂျီယံကုမ္ပဏီက ပြန်ရုပ်သိမ်း

စက်တင်ဘာ ၃၀ – ၂၀၂၆ SN (VOM) မြန်မာဘီယာနဲ့ ဒဂုံဘီယာတို့ ရရှိထားတဲ့ အရည်အသွေးဆုတွေကို ဘယ်လ်ဂျီယံကုမ္ပဏီ Monde Selection က ပြန်လည် ရုပ်သိမ်းလိုက်ပြီး အဲဒီ အမှတ်တံဆိပ်တွေကိုပါ သူတို့ရဲ့ ဝက်ဘ်ဆိုက်ကနေ ဖယ်ရှားလိုက်ပြီလို့ Justice For Myanmar (JFM) က အသိပေး ထုတ်ပြန်ထားပါတယ်။ ဘယ်လ်ဂျီယံကုမ္ပဏီ Monde Selection ဟာ လူသုံးကုန်ပစ္စည်းတွေရဲ့ အရည်အသွေးကို ဆန်းစစ် အကဲဖြတ်တဲ့အဖွဲ့ဖြစ်ပြီး ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ဥရောပနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးချုပ် Quai d’Orsay မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၆ ခုနှစ် Monde Selection ဆုပေးပွဲအခမ်းအနားမှာ ဒဂုံအဖျော်ယမကာ ကုမ္ပဏီလီမိတက် (Dagon Beverages Company Limited) ကို ဆုအများအပြား ပေးအပ် ချီးမြှင့်ခဲ့တာပါ။…

Read More

ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးပွဲတွေမှာ သက်ဆိုင်သူတွေအားလုံး ပါဝင်နိုင်ဖို့ ဆောင်ရွက်မယ်

အောက်တိုဘာ ၁ – ၂၀၂၆ SS (VOM) မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေ၊ သာမန်အခင်းအကျင်းနဲ့ ကိုက်ညီမယ့် သက်ဆိုင်သူတွေအားလုံး တဆင့်ပြီးတဆင့် ပါဝင်လာနိုင်တဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွေ ရှေ့ဆက် ဖြစ်ပေါ်လာနိုင်ဖို့ NSPNC နဲ့ သဘောထား စုစည်းချက်တွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ – ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့ (7 EAO Alliance) တို့ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွေအတွက် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနရုံးခွဲမှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ စက်တင်ဘာ…

Read More

ကွတ်ခိုင် နမ့်ဂျောန်ရှိ တရုတ်သတ္တုလုပ်ငန်းမှာ မြန်မာလုပ်သားများ လုပ်ခမရဘဲ နှင်ထုတ်ခံနေရ

စက်တင်ဘာ ၂၉၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မုံးစီး အနီး နမ့်ဂျောန်ရှိ တရုတ်သတ္တုလုပ်ငန်းမှာ လက်ရှိ မြန်မာလုပ်သားများ လုပ်ခမရဘဲ နှင်ထုတ်ခံနေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “နမ့်ဂျောန်ဘက်မှာ သတ္တုတွင်း မှာ တရုတ်နိုင်ငံသား သူဌေးတွေ မြန်မာလုပ်သားတွေကို ခေါင်းပုံဖြတ် အနိုင်ကျင့်နေတာ။ အလုပ်ခေါ် အလုပ်ခိုင်းပြီး နှစ်ရက်၊ သုံးရက်ဆို အလုပ်ဖြုတ်ပြီး မောင်းထုတ်လိုက်တယ်။ လုပ်ခ လစာ မပေးချင်လို့လား ဘာလား တော့ မသိဘူး” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ အဲဒီ တရုတ်လုပ်ငန်းရှင်တွေကို ကူညီ‌​ပြောပေးစေချင်တယ်လို့ သူက ပြောပါတယ်။ “တချို့ အလုပ်သမားတွေက လမ်းစရိတ် အကုန်အကျ အများကြီး ကျခံပြီး အလုပ်လာလုပ်ကြတာ” လို့ နောက်ထပ်…

Read More

မန္တလေးမှာ ပုံဝိုင်းလောင်းကစားဝိုင်းတွေက လမ်းဘေးတွေမှာ ပေါ်တင်ပြုလုပ်နေလို့ ဖမ်းဆီးဖို့ လွှတ်တော်မှာ မေးမြန်း

မန္တလေး၊ စက်တင်ဘာ- ၂၉- ၂၀၂၆ SA(VOM) မန္တလေးမြို့ပေါ်က ရပ်ကွက်တချို့မှာ ပုံဝိုင်းလောင်းကစားဝိုင်းတွေဟာ လမ်းဘေးတွေနဲ့ လူစည်ကားရာနေရာ စျေးတချို့အနီးမှာ လူအုပ်စုနဲ့ ပေါ်ပေါ်တင်တင်လောင်းကစားတာတွေ ပြုလုပ်နေလို့ အရေးယူဆောင်ရွက်ပေးဖို့ အစီအစဥ် ရှိ/မရှိ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအ ဝေး ပဉ်စမနေ့ အခမ်းအနားမှာ အောင်မြေသာစံမြို့နယ်၊ လွှတ်တော်ကိုယ်စား လှယ်အမှတ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးညီညီ(ခ) ဦးကျော်ဆန်းက လွှတ်တော်ဥက္ကဋ္ဌကတဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို မေးမြန်းခဲ့ပါတယ်။ လောင်းကစားဝိုင်းတွေကိုရပ်ကွက်အတွင်း ပြုလုပ်မှုမရှိစေရေးအတွက် မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေနဲ့ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေအပြင် သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်း၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့ ဖော်ထုတ်ဖမ်းဆီးအရေးယူဆောင်ရွက်နေတာမှာ မန္တလေးမြို့အတွင်း ၂၀၂၅ ခုနှစ်မှာ လောင်းကစားဥပဒေပုဒ်မ ၁၅ က နဲ့ အမှု ၁၆ ခု၊ တရားခံ ကျား ၁၆ ယောက်၊ မ ၄၅ ယောက်…

Read More

ထားဝယ်ဒေသမှာ ရေကြီး၊​မြေပြိုလို့ သေဆုံး၂၅ ယောက်အထိရှိကြောင်း နယ်ခံတွေပြောပေမယ့် ပြည်​ထောင်စုအဆင့် လူကယ်ပြန်ဝန်ကြီးဌာနကတော့ သေဆုံးတယောက်သာရှိတယ်လို့ဆို

စက်တင်ဘာ ၂၉ ၊ ၂၀၂၆ GG (VOM) တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်မှာ ရေကြီး ၊ မြေပြိုမှုကြောင့် နေအိမ်ရာနဲ့ချီ မြေဖုံးပြီး သေဆုံးသူ ၂၅ ယောက်အထိရှိလာကြောင်း နယ်ခံတွေကပြောဆို​ပေမယ့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးထားရေးဝန်ကြီးဌာနကတော့ သေဆုံးသူတယောက်သာ ရှိတယ်လို့ ပြောပါတယ်။ ဝန်ကြီးဌာနအနေနဲ့ စက်တင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းအထိ ရရှိတဲ့စာရင်းအရ လောင်းလုံးမြို့နယ်မှာသာ တယောက်သေဆုံးမှု ရှိတာလို့ ပြောပါတယ်။ ရေကြီးမှုအနေနဲ့လည်း လောင်းလုံးမြို့မှာ ရပ်ကွက် ၁ ခု ၊ သရက်ချောင်းမြို့မှာ ရပ်ကွက် ၅ ခု ၊ ထားဝယ်မြို့နယ်မှာ ရပ်ကွက်နဲ့ ကျေးရွာ ၄ ခုရေကြီးနေတယ်လို့ ပြောဆိုထားပါတယ်။ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်သူတွေရဲ့ ပြောပြချက် စာရင်းအရမှာတော့ လောင်းလုံးမြို့နယ်မှာ သေဆုံး ၁၇ ယောက် ၊ သရက်ချောင်းမြို့နယ်မှာ ခြောက်ယောက်…

Read More

မုန်တိုင်းငယ် အားလျော့သွားပေမယ့် မိုးသည်းထန်မှုတွေ ဆက်ဖြစ်နိုင်

စက်တင်ဘာ ၂၉ – ၂၀၂၆ SN (VOM) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အနီးမှ ဖြတ်ကျော်ခဲ့တဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ လက်ရှိမှာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားပြီ ဖြစ်ပေမယ့် နိုင်ငံတဝန်း မိုးသည်းထန်မှုတွေ ဆက်ရှိနေနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ မိုး/ဇလဌာနရဲ့ ဒီကနေ့ စက်တင်ဘာ ၂၉ ရက်၊ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ မြောက် – အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားခဲ့ပြီလို့ သိရပါတယ်။ ဒါအပြင် ဒီကနေ့ မနက် ၁၀ နာရီခွဲအချိန် တိုင်းထွာချက်အရ ဖြူးမြို့ရဲ့ တောင်ဘက်အနီးကနေ ဖြတ်ကျော်ခဲ့တဲ့ ကုန်းတွင်းမုန်တိုင်းငယ်ဟာ မြောက် – အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး ပဲခူးတိုင်း ရေတာရှည်မြို့ရဲ့ အနောက်ဘက်အနီးမှ ဆက်လက်…

Read More