မြစ်ကြီးနား အကျဉ်းထောင် ဆူပူမှု ဖြစ်ပြီး သေဆုံးသူ ဒဏ်ရာရသူတွေရှိနေတယ်လို့ သတင်းထွက်ပေါ်

ဧပြီ ၁၈၊ ၂၀၂၄Shy Vမြစ်ကြီးနား အကျဉ်းထောင်မှာ ဧပြီလ ၁၈ ရက်နေ့ ညနေ ၄ နာရီခန့်ကစ ဆူပူမှု ဖြစ်ပြီး ၄ ဦး သေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။“အကျဉ်းသားတွေ သပိတ်မှောက် ဆန္ဒပြကြတယ် ကြားတယ်။ အဲဒါကြောင့် ထောင်စောင့်လက်နက်ကိုင်တွေကပစ်ခတ်နှိမ့်နင်းလို့ ထိခိုက် ဒဏ်ရာရတာ ၁၂ ယောက်၊ သေဆုံးတာ ၄ ယောက်လို့ သိရတယ်။” လို့ ဒေသခံ အမျိုးသား တ‌ေယာက်က ပြောပါတယ်။အကျဉ်းထောင်မှာ ဆူပူမှု ဖြစ်တာက လွတ်ငြိမ်းချမ်းသာခွင့် နာမည် စာရင်းပါပြီး မလွတ်မြောက်တဲ့ သူတွေ နဲ့ ပတ်သက်ပြီး ဆူပူမှု ဖြစ်လာတယ်လို့ ကြားပေမယ့် အတိအကျ မသိရဘူးလို့ ဆိုပါတယ်။“သံဇကာတွေ တီးခေါက်ပြီးတော့ စတင်အော်လာတာ။ အဲဒါကြောင့် သေနတ်နဲ့ပစ်တာ။ သေတာတော့ ၄…

Read More

လိူင်သာယာနဲ့ ရွှေပြည်သာမှာ ယာဉ်တိုက်မှုဖြစ်ပြီး တယောက်သေ ၂၇ ယောက်ဒဏ်ရာရ

ရန်ကုန် ၊ ဧပြီ ၁၈ – ၂၀၂၄ GG (VOM) ရန်ကုန်တိုင်းက လိူင်သာယာနဲ့ ရွှေပြည်သာမြို့နယ်မှာ ယာဥ်တိုက်မှုတွေဖြစ်ပြီး တယောက်သေဆုံးကာ ၂၇ ယောက်ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းက သိရပါတယ်။ ” လိူင်သာယာမှာက ခုမနက်ပိုင်းဖြစ်တာ ၊ရွှေပြည်သာကတော့ မနေ့ကဖြစ်တာပေါ့၊ရွှေပြည်သာက လူနာ ၂၀ ကျော်ထွက်တယ်၊သေဆုံးတော့မရှိပါဘူး။လိူင်သာယာကတော့တ​ယောက် သေတယ် အသက်က ၄၈ နှစ်လောက်တော့ရှိမယ် ၊ဒဏ်ရာရသူလည်းရှိတယ် ” လို့ လိူင်သာယာမြို့နယ် အခြေစိုက် လူမှုကူညီရေး အသင်းတာဝန်ရှိသူတဦးက ပြောပြပါတယ်။ လိူင်သာယာ ယာဥ်တိုက်မှုက ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့ မနက်ပိုင်း ၉ နာရီကျော်လောက်မှာ အိမ်စီးကား Alphard နဲ့ တက္ကစီ အငှားယာဥ် တို့ တိုက်မိတာဖြစ်ပြီး ဖြစ်စဥ်မှာ တက္ကစီကားပေါ်မှာလိုက်ပါလာတဲ့ ခရီးသည်အမျိုးသမီးသေဆုံးကာ နောက်ထပ် ငါး​ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ရွှေပြည်သာမြို့နယ်…

Read More

ရခိုင်ပြည်နယ် အမ်းမှာ ဆန်ပြတ်လပ်မှု ဆိုးရွားစွာကြုံနေရလို့ ဒေသခံတွေဒုက္ခရောက်နေ

အမ်း ၊ ဧပြီ ၁၈ – ၂၀၂၄ GG (VOM) အမ်း- ပဒါန်းလမ်းကို သွားလာခွင့်ပိတ်ပြီးနောက်ပိုင်းရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ ဆန်ပြတ်လပ်မှု ဆိုးရှားစွာရင်ဆိုင်နေရလို့ ဒေသခံပြည်သူတွေ ဒုက္ခရောက်နေရတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကသိရပါတယ်။ အမ်း- ပဒါန်းလမ်းကိုပိတ်လိုက်တာကြောင့် ကုန်စည်စီးဆင်းမှုရပ်သွားလို့ အမ်းမြို့နယ်မှာ ဆန်ပြတ်လပ်မှု ဖြစ်ပေါ်နေတဲ့အတွက် ဒေသခံပြည်သူတွေမှာ ထမင်းလျှော့စားခြင်း၊ ထမင်းအစားထိုးအဖြစ် ဒေသထွက်သီးနှံတွေကိုစားသုံးရခြင်း ၊ ရတဲ့နည်းလမ်းနဲ့ ဆန်ကိုအဆမတန်ဈေးမြင့်ပေးဝယ်ယူနေကြရတယ်လို့သိရပါတယ်။ ” ဆန်က မြို့ပေါ်မှာကိုမရှိတော့တာ၊ဝယ်လို့မရတော့တာ၊ဒီတော့ လက်လုပ်လက်စားသမားတွေ ၊ဝယ်ဖို့လည်းမတတ်နိုင် ဝယ်စရာလည်းဆန်မရှိတဲ့ မိသားစုတွေကို ဦးစားပေးလှူနေတယ်။ပိုက်ဆံရှိတဲ့သူကျတော့လည်း တအိတ်ကိုဈေးအမြင့်ပေးပြီး ရသလောက်ဝယ်စားနေရတယ်။တချို့ငတ်နေကြပြီ ထမင်းခြောက်တွေစားကြတယ်။တချို့ဆန်လျှော့ချက်ပြီးငှက်ပျောသီးတွေစားနေကြရတာပေါ့။အိမ်ထောင်စုအရေအတွက်စာရင်းတော့မကောက်ဘူး၊ဒါပေမယ့်ရာဂဏန်းတော့ရှိတယ်၊ထောင်ဂဏန်းပြည့်မပြည့်သာမပြောနိုင်တာပေါ့ ” လို့ ရိက္ခာပြတ်မိသားစုတွေကို အကူအညီတွေဆောင်ရွက်ပေးနေတဲ့အမ်းဒေသခံကပြောပါတယ်။ လက်ရှိမှာတော့ ဆန်ပြတ်လပ်မှုအတွက် အလှူရှင်တွေကလှူဒါန်းမှုရှိပေမယ့် ရိက္ခာပြတ်လပ်နေတဲ့အိမ်ထောင်စုတွေရာနဲ့ချီရှိတာကြောင့် တအိမ်ထောင်ကို ဆန်တပြည်၊နှစ်ပြည်လောက်သာ ဝေမျှပေးနိုင်နေတယ်လို့ဆိုပါတယ်။ ငွေကြေးရှိသူ ဒေသခံအချို့ကတော့ ရတဲ့နည်းလမ်းနဲ့ ဆန်ကြမ်းတအိတ်ကို ငွေကျပ် ၂၅၀၀၀၀ အထိပေးကာ ရှာဖွေဝယ်ယူနေကြရတယ်လို့သိရပါတယ်။…

Read More

ရခိုင်ပြည်နယ်ထဲကို အိန္ဒိယဘက်က တင်သွင်းနေတဲ့ စားသောက်ကုန်နဲ့ စက်သုံးဆီတွေကို ရက်အကန့်အသတ်မရှိ ပိတ်ထား

ဧပြီ ၊ ၁၈ ၊ ၂၀၂၄SP (VOM)အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် တောင်ပိုင်း ၊ လောင်တလိုင်ခရိုင်ဘက်ကနေတဆင့် မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသကို ဖြတ်ကျော်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းဘက်ကို နေ့စဥ် ပုံမှန်တင်သွင်းနေတဲ့ အခြေခံစားသောက်ကုန်စည်းတွေနဲ့ စက်သုံးဆီတွေကို တင်သွင်းခြင်း မပြုလုပ်ကြဖို့ Central Young Lai Asso ciation (CYLA) အဖွဲ့က ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်ကစလို့ ရက်အကန့်အသတ်မရှိ တားမြစ်ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။” အဲ့ဒီလို ပိတ်ပင်တားမြစ်လိုက်ရတဲ့ အဓိက အကြောင်းအရင်းက မီဇိုရမ်ပြည်နယ်ထဲမှာ မဏိပူရ်ပြည်နယ်ဘက်က စစ်ဘေးရှောင်တွေနဲ့ မြန်မာဘက်က စစ်ဘေးရှောင်တွေ များပြားလာပြီး နေ့စဥ် အခြေခံ စားသောက်ကုန် လိုအပ်ချက်တွေ မြင့်တက်လာနေလို့ ဖြစ်တယ် ” လို့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင် ဦးဂင်ရှန်ပေါင်…

Read More

မကွေးမြို့မှာ ရက်ပိုင်းအတွင်း ဓါးထိုးမှုတွေကြောင့် သုံးယောက်သေပြီး လေးယောက် ဒဏ်ရာရ

ဧပြီ ၊ ၁၈ ၊ ၂၀၂၄SP (VOM)မကွေးတိုင်း ၊ မကွေးမြို့ပေါ်မှာ အခုရက်ပိုင်း ဓားထိုးမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာကြောင့် သေဆုံး ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။” ဧပြီ ၁၈ ရက် ၊ ဒီကနေ့မနက် အစောပိုင်း ၁ နာရီဝန်းကျင်က မကွေးမြို့နယ် ၊ ကျွဲခြံကျေးရွာမှာ ဦးသန်းထွန်း ၆၆ နှစ်ဆိုသူ အိမ်မှာ မိသားစုနဲ့ အတူ အိပ်ပျော်နေတုန်း ဓားခုတ်ခံရတယ် ၊ အဲ့ဒီ ဓားခုတ်မှုကြောင့် အိမ်ရှင် ဦးသန်းထွန်းဆိုသူဟာ ရင်ဘတ်ကနေ ခါးအထိ ပြတ်ရှပြီး သေဆုံးသွားတယ် ၊ နောက်ပြီး သူ့မိန်းမ ဒေါ်ပြုံးချိုနဲ့ ချွေးမဖြစ်သူ မဝေဝေဦးတို့ နှစ်ယောက်လည်း ဒဏ်ရာရရှိတယ် ၊ ဓားခုတ်နဲ့ ခုတ်သူက တရွာတည်းနေ ဦးတင်မောင်ဆွေ ဆိုသူဖြစ်ပြီး…

Read More

ဗန်းမော်ဘက်မှာ ငှက်ပျော၊ ဖရဲ ခြံတွေ လုပ်သားတွေ စစ်ရှောင်ကုန်တဲ့ အပြင် စက်သုံးဆီ ဝယ်ယူရခက်လာလို့ ခြံထိန်းသိမ်းဖို့ ခက်ခဲလာ

ဧပြီ ၁၈၊ ၂၀၂၄ Shy V (VOM) ကချင်ပြည်နယ်၊ ဗန်းမော်ဘက်မှာ စစ်တပ်နဲ့ KIA ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေတာကြောင့် ငှက်ပျော၊ ဖရဲ ခြံလုပ်သားတွေ စစ်ရှောင်ကုန်တဲ့ အပြင် စက်သုံးဆီ ဝယ်ယူရခက်လာလို့ ခြံထိန်းသိမ်းရန် ခက်ခဲလာနေကြောင်း ဖရဲ၊ ငှက်ပျော ခြံရှင်တွေ ဆီက သိရပါတယ်။ “ငှက်ပျော၊ ဖရဲ ခြံ ဝန်းကျင် စစ်ရေး‌ေကြာင့်မလုံခြုံတော့လို့ အလုပ်သမားတွေက နေ့စဥ်တိုင်း ဗန်းမော် ကနေ တိုက်ပွဲ နဲ့ဝေးတဲ့ နေကာဘက် ရှောင်ကုန်ကြပြီ” လို့ ဗန်းမော်ဒေသက ခြံရှင် တယောက်က ပြောပါတယ်။ ဗန်းမော်ခရိုင်အတွင်း စစ်တပ်နဲ့ KIA ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့တို့အကြား တိုက်ပွဲကြောင့် ကုန်သယ်ရေး လမ်းကြောင်းတွေ ပိတ်သွားတယ်လို့ သူက ပြောပါတယ်။ “ရန်ကုန်၊ မန္တလေးဘက်က စက်သုံးဆီတွေ မလုံလောက်လို့…

Read More

ကချင် KBC ဥက္ကဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန် ထောင်ကလွတ်လာပြီးနောက် ပြန်လည်ဖမ်းဆီးခံရ

ဧပြီ ၁၈၊ ၂၀၂၄Shy V (VOM)ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်ရဲ့ ဥက္ကဌဟောင်း ဖြစ်သူ ဒေါက်တာ ခလမ်ဆမ်ဆွန်မြန်မာနှစ်သစ်ကူးနေ့က ပြစ်ဒဏ်ကင်းလွတ်ခွင့်နဲ့ လွတ်မြောက်လာပေမယ့် ညတွင်းချင်း ပြန်လည် ဖမ်းဆီး ခေါ်‌ဆောင် သွားခံရကြောင်း KBC အသိုင်းအဝိုင်းက သိရပါတယ်။“ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ပြန်လာခေါ်သွားကြတယ်” လိုဘ KBC အသိုင်းအဝိုင်းက တယောက်က ပြောပါတယ်။မနေ့ ၁၀ နာရီ ဝန်းကျင်က စစ်တပ်က လာခေါ်သွားတာဖြစ်ပြီး ဒီနေ့ ပြန်လာမယ်လွှတ်မယ်တော့ ပြောသွားတယ်လို့ သိရပေမယ့် ဘာကြောင့် လာခေါ်သွားတယ် ဆိုတာ မသိရဘူးလို့ ဆိုပါတယ်။“ဆရာ့ကို စစ်တပ်က လာခေါ်သွားတာ မှန်တယ်။ သူတို့ နဂိုကတည်းက စီစဉ်ထားတာ ထင်တယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ဒေသခံ တယောက်ကတော့ မေးစရာရှိတယ်ဆိုပြီး‌ ခေါ်သွားတာ ။သူတို့ရုံးခန်းထဲမှာပဲ၊ အချုပ်ထဲမဟုတ်ပါဘူးလို့ ပြောပါတယ်။ဒေါက်တာခလမ်ဆမ်ဆွန်ကို ပြီးခဲ့တဲ့…

Read More

ရုရှားကို စစ်ရှုံးရင် တတိယကမ္ဘာစစ် ဖြစ်လာနိုင်ကြောင်း ယူကရိန်းဝန်ကြီးချုပ် သတိပေး

ကိယက်ဗ်၊ ဧပြီ-၁၈-၂၀၂၄မျိုးဆက်(VOM)အမေရိကန်ရဲ့ ကာလရှည်ကြာ ရပ်တန့်နေတဲ့ နိုင်ငံခြားအကူအညီပေးမှု ဥပဒေကြမ်းကို အတည်ပြုဖို့ အမေရိကန် ကွန်ဂရက်ကို ယူကရိန်းဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပြီး ယူကရိန်းစစ်ပွဲမှာ ရုရှားကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် တတိယကမ္ဘာစစ်ဖြစ်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ယူကရိန်းအတွက် ဒေါ်လာ ၆၁ ဘီလီယံ ထောက်ပံ့မှုပါဝင်တဲ့ ဒီဥပဒေကြမ်းကို ကွန်ဂရက်မှာ အတည်ပြုနိုင်ဖို့ မျှော်လင့်တယ်လို့ ယူကရိန်းဝန်ကြီးချုပ် ဒန်နီစ်ရှမိုင်ဟယ်က ဆိုပါတယ်။ အောက်လွှတ်တော်ဟာ ဥပဒေကြမ်းကို လာမယ့် စနေနေ့မှာ မဲခွဲဖို့ စီစဉ်ထားပါတယ်။ဥပဒကြေမ်းထဲမှာတော့ ယူကရိန်းအတွက် အထောက်အပံ့တွေအပြင် အစ္စရေးနဲ့ အင်ဒို-ပစိဖိတ်ဒေသအတွက် ရန်ပုံငွေတွေလည်း ပါဝင်လို့ နေပါတယ်။ ဒီအထောက်အပံ့တွေဟာ လိုအပ်နေပြီလို့ ယူကရိန်းဝန်ကြီးချုပ်က ပြောပါတယ်။“ ငါတို့ မကာကွယ်ဘူးဆိုရင် ယူကရိန်းပြိုလဲသွားမှာပါ။ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးစနစ်ကို ပျက်စီးသွားမှာဖြစ်ပြီး ကမ္ဘာကြီးအနေနဲ့ လုံခြုံရေးစနစ်သစ်ကို ရှာဖွေဖို့လိုအပ်နေပါတယ်။ ဒါမှမဟုတ်ရင် ပဋိပက္ခတွေ များစွာနဲ့ ဒီလိုစစ်ပွဲတွေဖြစ်နေမှာဖြစ်ပြီး နောက်ဆုံးတနေ့မှာ တတိယကမ္ဘာစစ်ကို…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၁၈ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၈၉၀ ကျပ် ဝယ်ဈေး – ၃၈၃၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၈၁၀ ကျပ် ဝယ်ဈေး – ၂၇၆၀ ကျပ် -ယူရို ရောင်းဈေး – ၄၀၂၇ ကျပ် ဝယ်ဈေး – ၃၉၄၄ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၄.၇၁ ကျပ် ဝယ်ဈေး – ၁၀၂.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၈၆၅ ကျပ် ဝယ်ဈေး – ၈၅၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၂၀ ကျပ် ဝယ်ဈေး – ၅၁၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၁၈ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၆၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၇၇၀၀၀၀ ကျပ် ဝယ်ဈေး ၄၇၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၅၇၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၃၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More