မတ် ၃ – ၂၀၂၆ SN (VOM) နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ကနေ မတ်လ ၁ ရက်နေ့အထိ ရက်ပေါင်း ၂၀ ကျော်အတွင်း လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေကြောင့် လူအယောက် ၁၂၀ နီးပါး သေဆုံးပြီး ၁၅၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ စုစည်းထားတဲ့ သတင်း အချက်အလက်တွေအရ သိရပါတယ်။ ပြီးခဲ့လအတွင်း ပင်လည်ဘူး၊ ဟုမ္မလင်း၊ ခင်ဦး၊ ဆားလင်းကြီး၊ ကျွန်းလှ၊ မင်းတုန်း၊ မြဝတီ၊ မြစ်ကြီးနား၊ ဖားကန့်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မြင်းမူ၊ နတ်တလင်း၊ ထန်တလန်၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက် အစရှိတဲ့ မြို့တွေမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ လိပ္ပုတ်ရွာမှာ မတ်…
Read Moreစုံ- မ ရာရှင်စံနစ် Odd-Even Rationing
မနေညက မြန်မာနိုင်ငံမှာ မော်တော်ယာဥ်တွေကို စုံ မ နံပါတ်ခွဲပြီး အလှည့်ကျစနစ်နဲ့ လမ်းပေါ် မောင်းခွင့်ပြုမယ့်ကိစ္စ ထုတ်ပြန်ကြေငြာတော့ အတော်ဂယက်ထသွားပါတယ်။ တချို့ကိစ္စတွေကို မျက်စိစုံမှိတ်ပြီး ဟာသ လုပ်ပစ်တာထက် ရေရေရာရာ သိအောင် အချိန်လေးပေးပြီး လေ့လာလိုက်ရင် အကျိုးရှိမယ်ယုံကြည်လို့ ဘယ်နိုင်ငံတွေမှာ ဘယ်လိုအချိန် ဘယ်လိုအခြေအနေမှာ ဒီလိုစနစ်သုံးလဲဆိုတာ ရှာကြည့်ဖြစ်ခဲ့ပါတယ်။ ဒီစနစ် ကို ကြေညာဖူးတာ ကျနော်တို့ နိုင်ငံတခုတည်း မှာလားဆိုတော့ မဟုတ်ပါဘူး။အခု အရှေ့အလယ်ပိုင်းမှာ အီရန် ကို အစ္စရေးလ် နဲ့ အမေရိကန် ကျူးကျော်လို့ စစ်ဖြစ်နေပါတယ်။အီရန်က ဟော်မုတ်စ် ရေလက်ကြားကို ပိတ်ပစ်တဲ့အခါ ကမ္ဘာ့စွမ်းအင် စျေးကွက် ဟာ အကြီးအကဲ ထိခိုက် ပျက်ယွင်းသွားပါတယ်။ ကျနော်တို့လိုနိုင်ငံမပြောနဲ့ ဂျပန်လို နိုင်ငံကြီးတွေတောင် စက်သုံးဆီကိစ္စ ခေါင်းခဲနေရပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေတုန်း က အမေရိကန်ပြည်ထောင်စု မှာ ဒီ…
Read Moreစစ်တွေမြို့ ရွှေမင်းဂံရေတပ်အနီးမှာ တိုက်ပွဲ ပြင်းထန်နေ
မတ် ၄ – ၂၀၂၆ SS (VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့ (မြောက်ဘက်)၊ ရွှေမင်းဂံကျေးရွာရှိ အမှတ် (၃) ရေတပ်ဗျူဟာ အနီးဝန်းကျင်မှာ အစိုးရတပ်နဲ့ AA တို့ တိုက်ပွဲ ပြင်းထန်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ AA တပ်တွေဟာ ရွှေမင်းဂံရေတပ်စခန်း အနီးတဝိုက်အပြင် ဝါဘို၊ တောကံ၊ ကျေးတော၊ ဂန့်ဂေါ်ကျွန်း၊ ဇော်မဒက် အစရှိတဲ့ ကျေးရွာတွေနဲ့ ပွိုင့်ကမ်းခြေ အနီးဝန်းကျင်က စစ်စခန်းတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ စတင်ကာ လက်ရှိအချိန်အထိ ထိုးစစ်အရှိန်မြှင့်တင် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ “တိုက်ပွဲ ပြင်းထန်နေတာက ခုဆိုရင် ၁၀ ရက်ဝန်းကျင် ဖြစ်လာပြီပေါ့။ AA က ရွှေမင်းဂံတဝိုက်ကို မြေပြင်ကလည်း တိုက်ခိုက်နေတယ်၊ ရေတပ် အမြန်ရေယာဥ်တွေ သုံးပြီးတော့လည်း ရေကြောင်းကနေပါ…
Read Moreမန္တလေးမှာ စက်သုံးဆီကို တန်းစီဝယ်ယူနေကြရပြန်
မန္တလေး၊ မတ်- ၄- ၂၀၂၆ SA(VOM) ကမ္ဘာနိုင်ငံရေး အခင်းအကျင်းတွေကြောင့် စက်သုံးဆီ မလုံ လောက်မှုတွေ စျေးနှုန်းမြင့်တက်မှုတွေ ဖြစ်ပေါ်လာနိုင်တာမို့ စက်သုံးဆီရောင်းချသူတွေကလည်း အကန့်သတ်နဲ့ ရောင်းချပေးနေကြသလို သုံးစွဲသူတွေအနေနဲ့လည်း တန်းစီပြီး ဝယ်ယူနေကြရပါတယ်။ စက်သုံးဆီ ခြိုးခြံခြွေတာ သုံးစွဲရေးအတွက်ဆိုပြီး ကိုယ်ပိုင် အိမ်စီးကားနဲ့ ဆိုင်ကယ်တွေကို စုံရက် ၊ မရက်ခွဲပြီး တရက်ခြားစီသာ လမ်းပေါ်တက်စီးနင်းဖို့ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကလည်း မတ်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန် အသိ ပေးလိုက်ပါတယ်။ ဒါကြောင့် ပုဂ္ဂလိကပိုင် အိမ်စီးကားနဲ့ ဆိုင်ကယ်တွေဟာ မိမိရဲ့ ယာဥ်နံပါတ်အလိုက် စုံဂဏန်း ယာဥ်ပိုင်ရှင်က စုံဂဏန်းရက်မှာပဲ လမ်းပေါ်စီးနင်းခွင့်ရှိပြီး မဂဏန်းယာဥ်ပိုင်ရှင်က မဂဏန်းရက်မှာပဲ လမ်းပေါ် မောင်းနှင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် မတ်လ ၃ ရက်နေ့ကစလို့ ရန်ကုန်၊ မန္တလေး အပါ အဝင်…
Read Moreနေပြည်တော်မှာလည်း စက်သုံးဆီ တန်းစီပြီး ဝယ်ယူနေကြရ
နေပြည်တော်၊ မတ် – ၄ -၂၀၂၆ KKL(VOM) နေပြည်တော်မှာ မနေ့ မတ်လ ၃ ရက်နေ့ ညနေပိုင်းက စလို့ စက်သုံးဆီရောင်းချနေတဲ့ ဆိုင်တွေမှာ လောင်စာဆီကို တန်းစီတိုးဝှေ့ပြီး ဝယ်ယူနေတာ တွေ့ရပါတယ်။ ကမ္ဘာ့ နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းနဲ့အတူ လောင်စာဆီပြတ်လပ်မှုကို စိုးရိမ်ကြောင့်ကျနေတဲ့ ပြည်သူတွေ ကတော့ မနေ့ကထုတ်ပြန်ခဲ့တဲ့ မော်တော်ကားတွေကို စုံဂဏန်း၊ မဂဏန်းခွဲပြီးဆီဆိုင်တွေမှာ ထုတ်ယူကြရမယ်၊ အဲ့ဒါကို မတ်လ ၇ ရက်နေ့ကစတင်မယ်ဆိုတဲ့အတွက် ဒီကနေ့ မတ်လ ၄ ရက်နေ့နဲ့ မနေ့က မတ်လ ၃ ရက်နေ့ ညနေပိုင်းကစပြီး ကားနဲ့ ဆိုင်ကယ်တွေ အများအပြား စီတန်းတိုးဝှေ့ စောင့်ဆိုင်းနေကြတာ ဖြစ်ပါတယ်။ “မနေ့ကစလို့ စုံ မ ခွဲပီးတော့ ထုတ်ရမယ်ဆိုပြီးသိထားပါတယ် အဲ့ဒီအစီအစဥ်ကို ၅ ရက်နေ့ကစမယ်လို့သိရပါတယ် အဓိက…
Read Moreငုတ်တုတ် မေ့နေတဲ့ Ebike အရောင်းစင်တာတွေ လက်မလည်အောင် ရောင်းနေရ
မန္တလေး၊ မတ်- ၄- ၂၀၂၆ SA(VOM) စက်သုံးဆီ ခြိုးခြံချွေတာ သုံးစွဲဖို့နဲ့ မော်တော်ယာဥ် မောင်းနှင်ခွင့် ကန့်သတ်ပြီး EV အမျိုးစား ယာဥ်တွေကိုသာ နေ့စဥ်မောင်းချခွင့်ပြုပြီးတဲ့နောက် အရင်က ငုတ်တုတ်မေ့နေတဲ့ EV ဆိုင်ကယ် လောက ဟာဆိုရင် အခု မတ်လမှာ ပြန်လည် ခေါင်းထောင်နေပြီ ဖြစ်ပါတယ်။ မန္တလေးမြို့ဟာ ဆိုရင် ဆိုင်ကယ်ကို အဓိကထားသုံးစွဲကြတဲ့ မြို့တမြို့ ဖြစ်တာကြောင့် စက်သုံးဆီ အသုံးပြုပြီး မောင်နှင်ရတဲ့ ဆိုင်ကယ်တွေ ကားတွေ ဟာဆိုရင် ဆက်သုံးဆီ ပြတ်လပ်တော့မယ် ဆိုတဲ့ ကောလဟလတွေ ထွက်ပေါ်လာပြီးတဲ့နောက် မတ်လ ၃ ရက်နေ့က စပြီး စက်သုံးဆီ ရောင်းချပေးနေတဲ့ ဆိုင်တွေမှာ အချိန်အတော်ကြာတန်းစီနေရပြီး လမ်းပိတ်တဲ့အထိဖြစ်နေပါတယ်။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကလည်း မတ်လ ၃ ရက်နေ့မှာ စက်သုံးဆီကို ခြိုးခြံချွေတာသုံးစွဲဖို့အတွက် သတင်းထုတ်ပြန်ပြီးတဲ့နောက်…
Read Moreကသာမြို့တိုက်ပွဲအတွင်း PDFတွေ ဖမ်းထားတဲ့ Non Cdm ဝန်ထမ်းတွေကို ပြန်လွတ်ပေးနေ
ကသာ -မတ် -၄-၂၀၂၆ KBT(VOM) ကသာမြို့တိုက်ပွဲအတွင်း တိမ်းရှောင်ရင်း ဖမ်းခံခဲ့ရတဲ့ Non Cdm တွေကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက မတ်လ(၃)ရက်နေ့ကစပြီး ပြန်လွတ်ပေးနေတယ်လို့ Non Cdmဝန်ထမ်းနဲ့ နီးစပ်တဲ့သူတွေဆီက သိရပါတယ်။ ကသာမြို့မှာတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းတုန်းက ဒေသခံတွေဟာ မြို့ထွက်ရှိ နဘား၊အင်းတော်လမ်းကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသူတွေကို ဒေသတွင်းလက်နက်ကိုင်တွေက နဘားရွာအတွင်းထည့်သွင်းစုစည်းပြီး မှတ်ပုံတင်စစ်ဆေးခြင်းနဲ့ Non Cdm ကျောင်းဆရာ၊ဆရာ၊စည်ပင်ဝန်းထမ်းနဲ့ ဌာနဆိုင်ရာဝန်ထမ်းအသီးသီးကိုဖမ်းဆီးထားခဲ့ရာမှာ လူဦးရေ(၁၀၀)ဝန်းကျင်ရှိခဲ့ပါတယ်။ ” မြို့တိုက်ပွဲဖြစ်နေလို့ ထွက်ခဲ့ရတဲ့နေ့က၊ ကသာမြို့အထွက် နဘားမှာစစ်တာ။ ဆရာမတွေတော့အများကြီးပဲ သူတို့ဖမ်းတဲ့ထဲပါတယ်။ အဲဒီအဖွဲ့ထဲမှာပါတဲ့ကျောင်းဆရာမကို ရွေးထုတ်ပြီးခေါ်တယ်။ ကျွန်မတို့နဲ့ပူးပေါင်းပေးပါဆိုပြီးရွေးထုတ်ခေါ်တာပါ” လို့အဲဒီနေ့က မြင်တွေ့ခဲ့သူတဦးက ဆိုပါတယ်။ အဲဒီဝန်ထမ်းတွေကို မိုးတားကြီးနဲ့ မိုးတားလေးရွာနေရာတွေမှာ ထိန်းသိမ်းထားပြီး ဝန်ထမ်းတဦးကိုလုပ်သက်(၅)နှစ်စာတွက်ချက်ပြီး တလ(၃)သိန်းကျော် လစာငွေနဲ့ ကျပ်သိန်း(၁၈၀)နဲ့ ရွေးထုတ်ရမယ်လို့ ကနဦးက သတင်းပျံ့နှံ့ခဲ့ပါသေးတယ်။ အခုလက်ရှိမှာတော့ တဦးကို ငွေကျပ်(၁၈)သိန်းနဲ့ပြန်လည်ရွေးထုတ်စေပြီး ထိန်းသိမ်းထားတဲ့နေရာကနေလွတ်ပေးနေတယ်လို့သိရပါတယ်။ လွတ်ပေးခဲ့တဲ့ဝန်ထမ်းတွေကို…
Read Moreမှော်ဘီမှာ ဇနီးကို ခေါင်းဖြတ်သတ်ခဲ့တဲ့ အမျိုးသားကို သေဒဏ်ချမှတ်
မတ် ၄ ၊ ၂၀၂၆ GG (VOM) ရန်ကုန်တိုင်း ၊မှော်ဘီမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဇနီးဖြစ်သူကို ခေါင်းဖြတ်သတ်ခဲ့တဲ့ တရားခံ အမျိုးသားကို ဒီနေ့ မတ် ၄ ရက်မှာ မှော်ဘီမြို့နယ်တရားရုံးက သေဒဏ်အမိန့်ချမှတ်လိုက်တယ်လို့ စုံစမ်းသိရှိ ရပါတယ် ။ လူသတ်မှုဖြစ်ပွားပြီး တရားခံကို ဖမ်းဆီးပြီးနောက် အချိန်တလကျော်အကြာမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ( ၁) အရ သေဒဏ်အမိန့်ချလိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ဒီနေ့ သေဒဏ်အမိန့်ချလိုက်တယ် သိရတယ်။ ပြစ်မှုက ထင်ရှားပြီး သက်သေကလည်းခိုင်လုံနေတော့ ပြစ်ဒဏ်မြန်မြန် ချမှတ်လိုက်တဲ့ သဘောရှိတယ် ။ဒီဖြစ်စဥ်ကတော့ ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့တဲ့ ကိစ္စလေ ။ သတ်ပြီး ခေါင်းဖြတ်ပြီးတောင် လက်ကဆွဲပြီး လမ်းပေါ်ထွက်လာတာ ။ ” လို့ တရားရုံးနဲ့နီးစပ်သူ ဒေသခံကပြောပါတယ်။ အမှု…
Read Moreစက်သုံးဆီပြတ်လပ်နိုင်တယ်ဆိုတဲ့ ကောလာဟလကြောင့် စိုးရိမ်လွန်ပြီး ဆီတန်းစီဝယ်ယူမှု ပြန်စလာ
မတ် ၃ ၊ ၂၀၂၆ CC (VOM) အီရန်-အမေရိကန် စစ်ပွဲဂယက်ကြောင့် မြန်မာနိုင်ငံမှာ စက်သုံးဆီ ပြတ်လတ်နိုင်တယ်ဆိုတဲ့ ကောလာဟလတွေကို လူထုက စိုးရိမ်ပြီး စက်သုံးဆီကို အလုအယက် တန်းစီပြီး ဝယ်ယူမှု ဖြစ်လာနေတာ တွေ့ရပါတယ်။ ဒီကနေ့ မတ် ၃ ရက်နေ့မှာ ရန်ကုန် ၊ မန္တလေးအပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေ ၊ တာချီလိတ် ၊ လားရှိုး ၊ မြဝတီ ၊ ဘားအံ စတဲ့ မြို့နယ်တချို့မှာ စက်သုံးဆီကို တန်းစီဝယ်ယူမှုများပြားခဲ့တဲ့အတွက် စက်သုံးဆီဆိုင်တချို့ အရောင်းပိတ်တဲ့အထိ ဖြစ်ပေါ်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ ” ဆီက မဲဆောက်မှာတောင် အကန့်အသတ်နဲ့ပဲရတော့တယ်။ မြဝတီမှာတော့ စျေးလည်းတက်တယ်။မနက်က ကားတစီးကို သုံးသောင်းဖိုး ၊ဆိုင်ကယ်က တသောင်းဖိုးရောင်းပေးတယ်။နေ့ခင်းပိုင်း ဆိုင်တွေ ပိတ်တာတွေ့တယ်။ စိုးရိမ်စိတ်နဲ့ အလုအယက်ဝယ်တာရှိသလို တချို့ကလည်း…
Read Moreတကောင်းမြို့အနီး လေကြောင်း တိုက်ခိုက်မှု PDFတွေ ကျရှုံးကြောင်း သက်ဆိုင်တဲ့အဖွဲ့တွေက ထုတ်ပြန်
မတ် ၄ – ၂၀၂၆ SS (VOM) မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်ထဲက တကောင်းမြို့ အနီးဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် PDF တပ်ဖွဲ့ဝင် သုံးယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက မနေ့ မတ် ၃ ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မတ် ၂ ရက်နေ့၊ မနက် ၈ နာရီခွဲဝန်းကျင်၊ တိုက်ပွဲဖြစ်ပွားနေချိန် လေကြောင်း တိုက်ခိုက်ခံခဲ့ရတာကြောင့် ကျောက်ဆည်ခရိုင် အမှတ် (၂) တပ်ရင်းက တပ်ဖွဲ့ဝင် သုံးယောက် သေဆုံးခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ရေး သတင်းရင်းမြစ် တယောက်က “အဲဒီနေ့ တိုက်ပွဲက တကောင်းမြို့နားကိုလာတဲ့ အစိုးရစစ်ကြောင်းကို လက်နက်ကိုင်တပ်တွေဘက်က စပြီးတိုက်ခိုက်ခဲ့လို့ ဖြစ်ခဲ့တဲ့ တိုက်ပွဲပါ။ တိုက်ပွဲ…
Read More




