မန္တလေး ကုန်စည်ဒိုင် ၂၅ – ၄-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး-၂၅ – ၄-၂၀၂၄(VoiceOfMyanmar)ဂျုံစေ့အမျိုးမျိုးဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 140000/ 145000ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 150000/ဂျုံ (စဈိကိုငျး/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 140000/ 145000ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 140000/ 145000ဂျုံ (ကလေး) – ၆၀ ပိဿာ – 120000ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 135000/ 140000ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ – 120000/ 125000ဂျုံ (AUS) – ၁ ပိဿာ – 3300 (ygn)ဂျုံဖွဲ – ၁ ပိဿာ…

Read More

ထိုင်းမှာ အပူလှိုင်းကြောင့် လူ ၃၀ ကျော်သေဆုံး၊ မြို့တော်ဘန်ကောက် အပူချိန် အလွန်အန္တရယ်များတဲ့ အဆင့်ရောက်နေ

    ဘန်ကောက်၊ ဧပြီ-၂၅-၂၀၂၄ မျိုးဆက်(VOM)   ထိုင်းနိုင်ငံမှာ ယခုနှစ်အတွင်းဖြစ်ပွားနေတဲ့ အပူလှိုင်းကြောင့် လူ ၃၀ ကျော်သေဆုံးသွားပြီဖြစ်ဖြစ်ပြီး မြင့်တက်လာတဲ့ အပူချိန်နဲ့ပတ်သက်ပြီး နောက်ထပ်သတိပေးချက်သစ်ကို ဒီနေ့ ဧပြီ ၂၅ ရက်မှာ ထပ်မံထုတ်ပြန်လိုက်ပါတယ်။   အပူချိန်အညွန်းကိန်းဟာ ၅၂ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်လာနိုင်တယ်လို့ မြို့တော်ဘန်ကောက် အာဏာပိုင်တွေက သတိပေးထုတ်ပြန်ထားပါတယ်။ မြို့တော် ဘန်ကောက်ရဲ့ အပူချိန်ဟာ မနေ့က ၄၀ ဒသမ ၁ ဒီဂရီစင်တီဂရိတ်ထိရှိခဲ့ပြီး ဒီနေ့မှာလည်း အလားတူအဆင့်ရှိနေပါတယ်။   စိုထိုင်းဆ၊ လေတိုက်နှုန်းနဲ့အခြားအချက်အလက်တွေကို ထည့်သွင်းတွက်ချက်မယ်ဆိုရင် မြို့တော်ဘန်ကောက်ရဲ့ အပူချိန်ဟာ အလွန်အန္တရာယ်များတဲ့ အဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း ဘန်ကောက် သဘာ၀ပတ်ဝန်းကျင်ဌာနက သတိပေးထားပါတယ်။   နိုင်ငံအရှေ့မြောက်ပိုင်း ကျေးလက်ဒေသရှိ ယူဒန်သာနီပြည်နယ်မှာလည်း ဒီနေ့မှာ အပူချိန်မြင့်တက်မယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။ ဇန်နဝါရီ ၁…

Read More

အာကာသထဲမှာ နျူကလီးယားလက်နက်ပြိုင်ဆိုင်မှုဟန့်တားရေး ဆုံးဖြတ်ချက်မူကြမ်း ရုရှားက ဗီတိုအာဏာသုံး ပယ်ချ

    နယူးယောက်၊ ဧပြီ-၂၅-၂၀၂၄ မျိုးဆက်(VOM)   အာကာသအတွင်း နျူကလီးယားလက်နက်ပြိုင်ဆိုင်မှုကို ဟန့်တားဖို့ရည်ရွယ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို ရုရှားက ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ပါတယ်။   ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်နဲ့ ဂျပန်တို့က လုံခြုံရေးကောင်စီမှာ တင်သွင်းခဲ့တာဖြစ်ပြီး အာကာသကို ငြိမ်းချမ်းစွာအသုံးပြုမှုကို အားပေးထားပြီး အာကာသစာချုပ်ကို အပြည့်အ၀လိုက်နာဖို့ တိုက်တွန်းချက်တွေ ပါဝင်ပါတယ်။   ကမ္ဘာ့ပတ်လမ်းကြောင်းအတွင်း ဖြန့်ကြက်ချထားဖို့အတွက် နျူကလီးယားနဲ့ အစုလိုက်အပြုံလိုက်သေစေတဲ့လက်နက်တွေ တီထွင်ထုတ်လုပ်တာကိုလည်း တားမြစ်ပိတ်ပင်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။   မနေ့ကပြုလုပ်ခဲ့တဲ့ မဲခွဲဆုံးဖြတ်မှုမှာတော့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံအနက် ၁၃ နိုင်ငံကထောက်ခဲ့ပြီး တရုတ်က ကြားနေခဲ့ကာ ရုရှားကဗီတိုအာဏာသုံး ပယ်ချခဲ့ပါတယ်။   “ ရုရှားလုပ်ရပ်က ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားမပြန့်ပွားရေး ကိစ္စတွေ ပျက်ပြားအောင် အရင်ကလည်း လုပ်ခဲ့ဖူးပြီး ပြီးခဲ့တဲ့နှစ်ကလည်း အန္တရာယ်ရှိတဲ့ နျူကလီးယားဆိုင်ရာ…

Read More

အာရှတလွှားမှာ အပူလှိုင်းတွေ ဆက်တိုက်ဖြစ်ပေါ် ၊ ဘင်္ဂလားဒေ့ရှ်မှာ ကျောင်းတွေပိတ်ထားရပြီး ကလေးငယ် ၃၃ သန်း ပညာသင်ခွင့်ဆုံးရှုံး

  ဒါကာ၊ ဧပြီ-၂၅-၂၀၂၄ မျိုးဆက်(VOM)   အာရှတလွှားမှာ အပူလှိုင်းတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒေသအချို့မှာ အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်နေတာကြောင့် ကလေးငယ် ၃၃ သန်းဟာ ပညာသင်ကြားခွင့် ဆုံးရှုံးနေပါတယ်။   အပူချိန်ဟာ နောက်တပတ်ထိ ဆက်လက်မြင့်တက်နေဦးမယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ စာသင်ကျောင်းတွေနဲ့ ကောလိပ်တွေကို ဧပြီ ၂၇ ရက်ထိ ပိတ်ထားမှာဖြစ်ပြီး ပူပြင်းဆိုးရွားလှတဲ့ရာသီဥတု အခြေအေနေကြောင့် စာသင်ကျောင်းတွေ ပိတ်ထားမှုတွေဖြစ်ရတာဟာ ဒုတိယနှစ်ဆက်တိုက် ဖြစ်လာပါတယ်။   ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကလေးငယ်တွေဟာ ကမ္ဘာပေါ်မှာ အချို့တဲ့ဆုံးထဲမှာပါဝင်ပြီး အပူချိန်ကြောင့် စာသင်ကျောင်း‌တွေ ပိတ်လိုက်ရတာဟာ အားလုံးအတွက် သတိပေးခေါင်းလောင်းသံ ဖြစ်သင့်တယ်လို့ Save the Children အဖွဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ညွှန်ကြားရေးမှူး ရှူမွန်ဆန်ဂတ်တာက ပြောပါတယ်။   ဆင်းရဲတဲ့နိုင်ငံတနိုင်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် ရာသီဥတုဆိုးရွားမှုတွေကို…

Read More

မြန်မာ့နိုင်ငံရေး အကြပ်အတည်းပြေလည်ရေး Troika ဆွေးနွေးပွဲတွေ လုပ်ဖို့ ထိုင်းနိုင်ငံအဆိုပြု

ဘန်ကောက် ၊ ဧပြီ-၂၅-၂၀၂၄မျိုးဆက်(VOM)မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းတွေ ပြေလျော့ရေးအတွက် အာဆီယံအဖွဲ့ဝင်သုံးနိုင်ငံ သို့မဟုတ် ဒီထက်ပိုတဲ့အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆွေးနွေးဖို့ ထိုင်းနိုင်ငံက အဆိုပြုထားပါတယ်။မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရေးအတွက် အာဆီယံရဲ့ Troika နဲ့ Troika plus ဆွေးနွေးပွဲတွေပြုလုပ်ဖို့ လက်ရှိအာဆီယံအလှည့်ကျဥက္ကဌ လာအိုကို ထိုင်းနိုင်ငံက အဆိုပြုခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura ကပြောပါတယ်။အာဆီယံရဲ့ Troika အစီအစဉ်မှာ ယခင်၊ လက်ရှိတဲ့ နောက်လာမယ့် အာဆီယံအလှည့်ကျ ဥက္ကဌနိုင်ငံတွေဖြစ်ပြီး အင်ဒိုနီးရှား၊ လာအိုနဲ့ မလေးရှားတို့ပါဝင်ပြီး Troika plus ကတော့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းပေးလိုတဲ့ အခြားအာဆီယံနိုင်ငံတွေ ပါဝင်မှာဖြစ်ပါတယ်။အဆိုပြုထားတဲ့ ဆွေးနွေးပွဲတွေကို ထိုင်းနိုင်ငံမှာ ကျင်းပနိုင်ဖွယ်ရှိနေပြီး နစကနဲ့ တော်လှန်ရေးအဖွဲ့တွေကြား ငြိမ်းချမ်းရေးအကျိုးဆောင်လုပ်ဖို့လည်း ထိုင်းနိုင်ငံက အဆင်သင့်ရှိတယ်လို့ Nikorndej Balankura ကပြောပါတယ်။လက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခဟာ ထိုင်းနဲ့မြန်မာဖြစ်နေတာမဟုတ်တဲ့အတွက် အကျပ်အတည်းအပေါ်…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၂၅ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၈၉၀ ကျပ်ဝယ်ဈေး – ၃၈၃၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၈၄၀ ကျပ်ဝယ်ဈေး – ၂၇၉၀ ကျပ်-ယူရိုရောင်းဈေး – ၄၂၃၂ ကျပ်ဝယ်ဈေး – ၄၁၄၄ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၆.၉၅ ကျပ်ဝယ်ဈေး – ၁၀၄.၇၁ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၇၄ ကျပ်ဝယ်ဈေး – ၇၆၄ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၂၆ ကျပ်ဝယ်ဈေး – ၅၁၆ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၁၉ ကျပ်ဝယ်ဈေး – ၂၄.၆၇ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၆.၈၂ ကျပ်ဝယ်ဈေး – ၄၅.၈၅ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၈၄ ကျပ်ဝယ်ဈေး – ၂.၇၉ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၈၁၀ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၂၅ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၁၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၇၅၅၀၀၀ ကျပ် ဝယ်ဈေး ၄၇၁၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၅၅၅၀၀၀ ကျပ် ဝယ်ဈေး ၄၅၁၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ယူကရိန်းအတွက် တာဝေးပစ်ဒုံးကျည်စနစ်တွေ အမေရိကန် လျှို့ဝှက်ပေးပို့ခဲ့

ဝါရှင်တန်၊ ဧပြီ-၂၅-၂၀၂၄မျိုးဆက်(VOM)ယူကရိန်းဟာ ရုရှားတပ်တွေကို တွန်းလှန်တိုက်ခိုက်ဖို့အတွက် အမေရိကန်က လျှို့ဝှက်ပေးပို့လိုက်တဲ့ တာဝေးပစ်ဒုံကျည်တွေကို စတင်အသုံးပြုနေပြီလို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ပေးပို့ခဲ့တဲ့လက်နက်တွေဟာ မတ်လအတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အတည်ပြုခဲ့သော ဒေါ်လာသန်း ၃၀၀ တန် အကူအညီပေးရေးအစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပြီး ယူကရိန်းကို အခုလအတွင်းမှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။သိမ်းပိုက်ခံထားရတဲ့ ကရိုင်မီးယားရှိ ရုရှားပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ဒီတာဝေးပစ်ဒုံးကျည်တွေကို တစ်ကြိမ်ထက်မနည်း အသုံးပြုပြီးသွားပြီလို့ အမေရိကန် သတင်းဌာနတွေက ရေးသားဖော်ပြထားပါတယ်။လက်ရှိမှာတော့ သမ္မတဂျိုးဘိုင်ဒင်ဟာ ယူကရိန်းအတွက် ဒေါ်လာ ၆၁ ဘီလီယံ အကူအညီပေးရေးအစီအစဉ်ကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။ အမေရိကန်ဟာ ယခင်က ယူကရိန်းအတွက် တာလတ်ပစ်ဗျူဟာမြောက် ဒုံးကျည်စနစ် (ATACMS) ကို ထောက်ပံ့ပေးခဲ့ပေမယ့် ပိုမိုအားကောင်းတဲ့ တာဝေးပစ်လက်နက်တွေ ပေးဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။ဒါပေမယ့်လည်း သမ္မတဂျိုးဘိုင်ဒင်ဟာ ကီလိုမီတာ ၃၀၀ ထိ ပစ်ခတ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်စနစ်ကို ပေးပို့ဖို့ ဖေဖော်ဝါရီလမှာ လျှို့ဝှက်မီးစိမ်းပြခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ…

Read More

This Day in History

Voice of Myanmarနာဆာ၏ ကြီးကြပ်မှုအောက်တွင်တည်ဆောက်ခဲ့သော ဟတ်ဘယ် အာကာသမှန်ပြောင်းကို ဒစ်ကာဗာရီ အာကာသလွန်းပျံယာဉ် အမှုထမ်းများက ၁၉၉၀ ခုနှစ် ဧပြီ ၂၅ ရက်တွင် ကမ္ဘာပတ်လမ်းကြောင်းအတွင်း နေရာချထားခဲ့သည်။

Read More

ကလေးမြို့နယ် မြောက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ လူလေးဦး သေဆုံး

ဧပြီ ၊ ၂၅ ၊ ၂၀၂၄SP (VOM)စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့နယ် မြောက်ပိုင်း ၊ ကလေး – လက်ပံချောင်း ကားလမ်းမှာရှိတဲ့ ပျဥ်းတောဦးကျေးရွာမှာ ဧပြီ ၂၄ မနေ့ ညနေပိုင်းက လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် လူသေဆုံးမှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။” အသက် ၁၀ နှစ်ဝန်းကျင်အရွယ် ကလေးငယ် သုံးယောက်နဲ့ အဘိုးအိုတယောက် ၊ စုစုပေါင်း လေးယောက် သေဆုံးတယ် ၊ သေဆုံးသူတွေကတော့ အသက်(၉)နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် (၁၀)နှစ်အရွယ် Khap Nun Sang၊ အသက်(၁၂)နှစ်အရွယ် Si Thwe Yin နဲ့ အသက် (၈၈)နှစ်အရွယ် အဖိုးအိုတို့ ဖြစ်တယ် ၊ ကလေးနယ်က ထိတွေ့တိုက်ပွဲတွေမှာ နစက…

Read More